Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ စာစစ်ဌာနပြုလုပ်မည့် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး






MNP  -     မတ်  ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာသင်ကျောင်းများအား မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများအား မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယနေ့ နံနက် ၉ နာရီအချိန် က ကွင်းဆင်း ဆောင် ရွက်ခဲ့ကြသည်။ 


ထို့သို့ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက  စာသင်ကျောင်းများတွင် မတော်တဆ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဆုံးရှုံးမှု မရှိစေရေးအတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  အမှိုက်သရိုက်များအား  စနစ်တကျ စွန့်ပစ်ရေး ၊ လျှပ်စစ်မီး အသုံးပြုပါက မိမိတို့ ကျောင်းများရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက်ပေါက် များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦး  မီးသတ် ဆေးဘူး နှင့် ရေစုကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း နှင့် မတော်တဆ မီးလောင်မှု ဖြစ် ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ကြပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်း ညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။ 


အောင်ကျော်စိန်၊ သက်လွင်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment