Pages

Pages

အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး ကျင်းပ










MNP ၊ မတ် ၄

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှ ဖွဲ့စည်းထားသော ကော်မတီများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ  ဖွံဖြိုးတိုးတက်ရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၁.၃.၂၀၂၃ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ရာကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ အတွင်းရေးမှူး ဦးဇော်မင်းသန့်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်သက်မော်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ MSME ဆိုရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊  ဖျော်ဖြေရေးအထိ  ဝန်ဆောင်မှုကဏ္ဍများ ကျယ်ပြန့်စွာ ပါဝင်သည့်အတွက် ဦးစားပေးဆောင်ရွက်လိုသည့်ကဏ္ဍအလိုက် ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်းရေး၊ MSME Classification သတ်မှတ်နိုင်ရေးနှင့်  MSME Database တည်ဆောက်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်း ကျွမ်းကျင်မှု ၊နည်းပညာလုပ်ငန်း ကျွမ်းကျင်မှုတို့ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရေး၊  စီးပွားရေးနှင့် ဈေးကွက် သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ရရှိစေပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တိုးမြှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ၊ ညွှန်ကြားချက်များ၊ ကြေညာချက်များအား အချိန်နှင့် တစ်ပြေးညီရယူနိုင်ရန်အတွက်  Information Centre  ထူထောင်သွားနိုင်ရေး၊  MSME ပြပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာဗဟုသုတမျှဝေခြင်း စကားဝိုင်းဆွေးနွေးပွဲများ  ကျင်းပပြုလုပ်ရေး၊ MSME လုပ်ငန်းများ ငွေကြေးအရင်းအနှီးရရှိစေရေး၊ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများရရှိနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment