Pages

Pages

မန်ယူအသင်းသမိုင်းတစ်လျှောက် Clean Sheetအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဒေးဗစ် ဒီဟေးယား




MNP - မတ်  ၄


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဟေးယားဟာ နယူးကာဆယ်အသင်းနှင့် ကာရာဘောင်ဖလားဗိုလ်လုပွဲအပြီးမှာ Clean Sheet ၁၈၁ပွဲနဲ့ ဒုတိယနေရာက ဂန္ဓာဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်လ်ကို ကျော်ဖြတ်ကာ မန်ယူစတာယူနိုက်တက်အသင်း သမိုင်းတစ်လျှောက်  Clean Sheetအများဆုံး ဂိုးသမားအဖြစ် စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


မန်ယူအသင်းနည်းပြချုပ်အဲရစ်တန်ဟတ်ကတော့ အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒ် ဒီဟေးယားရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး "တနင်္ဂနွေနေ့မှာ Clean Sheet ၁၈၁ပွဲနဲ့ Clean Sheetအများဆုံးရယူနိုင်ခဲ့တဲ့ ဒေးဗစ်ဒ် ဒီဟေးယားရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးချင်ပါတယ်၊ ပီတာရှမိုက်ကယ်လ် ပိုထက်ကောင်းတဲ့ ကလပ်စံချိန်သစ်တစ်ခုတင်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အဲရစ်တန်ဟတ်က "ဖိုင်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment