MNP - မတ် ၂
အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ လီယွန်နယ် စကာလိုနီဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ချီးမြှင့် ၂၀၂၂ခုနစ်ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီးဖြစ်သည်။လီယွန်နယ် စကာလိုနီ က "ငါတို့နိုင်ငံက ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးရတာထက် ပိုမိုကောင်းမွန်တာ ဘယ်အရာမှ မရှိပါဘူး၊ ငါ့ဇနီး၊ ငါ့ကလေးတွေ၊ ငါ့အဖေ၊ ငါ့အမေတွေကို ကျေးဇူးတင်ပါတယ်။ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လီယွန်နယ် စကာလိုနီ က "ကျွန်တော်တို့ကို ဂုဏ်ကျက်သရေရှိအောင် ဦးဆောင်ပေးခဲ့တဲ့ အသင်းကစားသမား ၂၆ ယောက်ကို ကျေးဇူးတင်ပါတယ်၊ သူတို့မပါဘဲ ကျွန်တော်တို့ ဘာမှအောင်မြင်မှာမဟုတ်ပါဘူး" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့်စ်

No comments:
Post a Comment