(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မမြဆည် ရေအားလျှပ်စစ်ဖြင့် မြန်အောင်မြို့နယ် တောင်ရိုးဒေသကန်ပဲ့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မမြဆည် ရေအားလျှပ်စစ်ဖြင့် မြန်အောင်မြို့နယ် တောင်ရိုးဒေသကန်ပဲ့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ



MNP ၊ မတ်  ၂၂

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မမြဆည် ရေအားလျှပ်စစ်ဖြင့် မြန်အောင်မြို့နယ် တောင်ရိုးဒေသ ငါးဘတ်ကျကျေးရွာအုပ်စု ကန်ပဲ့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉း၃၀ အချိန်က ကန်ပဲ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။


မြန်အောင်မြို့နယ် ငါးဘတ်ကျကျေးရွာအုပ် စုကန်ပဲ့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန်းဇော်လွင်၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လျှပ်စစ်မီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာအတွင်းလျှပ်စစ်မီးသုံးစွဲမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။


 အခမ်းအနားသို့ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိနယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။


မမြဆည်ရေအားလျှပ်စစ်ဖြင့် မြန်အောင်မြို့နယ်တောင်ရိုးဒေသ ငါးဘတ်ကျ ကျေးရွာအုပ်စုကန်ပဲ့ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းကို မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု​ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုငွေ(၄၃.၇၀၇၉)ကျပ်သန်း၊ပြည်သူထည့်ဝင်ငွေ (၁၁.၁၅၃) ကျပ်သန်း ဖြင့် 11KV Line(0/4)Mile ၊0.4 KV Line (0/4) Mile ၊ 100 KVA Transformerဆောင်ရွက်ခဲ့ပြီး ကန်ပဲ့ကျေးရွာရှိ အိမ်ထောင်စု/အိမ်ခြေ(၇၃) လုံး၊ လူဦးရေ(၃၀၈)ဦးနှင့် ဘာသာရေးအဆောက်အဦ(၂)ခု၊ အခြေခံပညာမူလတန်းကျောင်း (၁) ကျောင်းတို့ လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ်ပြီး ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)