MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်လျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်သမဝါယမဦးစီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီခန်း၌ကျင်းပကြရာ အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများမှကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် လယ်/ထွေ သ/မအသင်း လုပ်ငန်းများကို
ကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများသို့မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျေးရွာများဖြစ်ကြသော ငပြီချောင်ကျေးရွာ၊ နားမူးတွေကျေးရွာ၊ စလင်ပေါ်ကျေးရွာများသို့ တစ်ရွာလျှင် ကျပ်သိန်း(၄၀၀)နှင့် တောင်ရင်းကျေးရွာအတွက် ငွေကျပ်သိန်း (၂၀၀)တို့ကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် င/နွားတောင်ကျေးရွာသို့ ငွေကျပ်သိန်း(၆၀၀)နှင့်အောင်စည်ကုန်းကျေးရွာသို့ ငွေကျပ်သိန်း(၄၀၀)၊ ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကျောက်နီမော်ကျေးရွာအတွက် ငွေကျပ်သိန်း(၆၀၀)၊ ရမ်းဗြဲမြို့၊အမှတ်(၄) ရပ်ကွက်သို့ ငွေကျပ်သိန်း(၄၀၀)သမဝါယမဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ချောင်းဘွယ်ကျေးရွာ(အားမာန်သစ် မွေး/ထွေ သ/မ အသင်း)အတွက် ငွေကျပ်သိန်း(၂၀၀)နှင့်အတူ စစ်ပြားစံပြကျေးရွာ(မြမာလာ- လယ်/ထွေ သ/မအသင်း)၊ ဂြင်းတောကျေးရွာ(သရဖူ
လယ်/ထွေ သ/မအသင်း)၊ ကန့်ချုပ်ပြင်ကျေးရွာ( ဓနထွန်း လယ်/ထွေ သ/မအသင်း)နှင့်ကျောက်ဆည်ကျေးရွာ (ကျောက်ဆည် လယ်/ထွေ သ/မအသင်း)တို့အတွက် သ/မအသင်း တစ်သင်းလျှင် ငွေကျပ်သိန်း(၁၅၀) ကို ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝတိုးတက်လာစေရန် အလုပ်အကိုင်အခွင့်အလန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက်အရင်းမပျောက် မတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့်အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများကိုယ်စား ဂြင်းတောကျေးရွာကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost






No comments:
Post a Comment