မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်



MNP ၊ မတ်  ၇

မွန်ပြည်နယ်အတွင်း ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မတ်လ ၃ ရက်မှစတင်ပြီး မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ သာယာအေးရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်နှင့် မုပွန်ရပ်ကွက်အတွင်း သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များကို မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


နွေဦးကာလနှင့် မိုးကြိုကာလရာသီ ပြောင်းချိန်တွင် မုန်တိုင်းကျရောက်လေ့ရှိသဖြင့် အသိပညာပေးခြင်းနှင့် ရပ်ကွက် ကျေးရွာအတွင်းရှိနွမ်းပါး အိမ်ထောင်စုများ၊ အိုမင်းမစွမ်း အိမ်ထောင်စုများ၏ နေအိမ်များ လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးစေရန် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဝန်ထမ်းများက လူမှုရေးအသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ၊ မတ်လ ၆ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်ကွင်း ဆင်းဆောင်ရွက်ပြီး မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်(၆)ခု၊ ကျေးရွာ(၃)ရွာမှ သတ်မှတ်ချက်နှင့် ကိုက်ညီသော အိမ်ခြေ(၉၀၀)ကျော်ကို လေပြင်းဒဏ်ခံ ကြံ့ခိုင်စွမ်းအားရှိရန် အားဖြည့်ပြင်ဆင်မှု အဖြစ် သွပ်နန်းကြိုးများ တုံ့ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များ အသုံးပြုပြီး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း၊ မွန်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဧပြီလ (၁)ရက်မှ ဖေဖော်ဝါရီလ (၂၈)ရက်အထိ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးနှင့် အခြားဘေး စုစုပေါင်း အကြိမ်(၇၀)ဖြစ်ပွားခဲ့ရာ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်း ကျပ် (၆၆၀၈၂၅၀၀) ကျော် ပေးအပ်နိုင်ခဲ့ကြောင်း  သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)