MNP - မတ် ၅
အာဆင်နယ်အသင်းနည်းပြ မီခဲလ် အာတီတာက ၂၀၂၂ခုနစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ဘရားဇီးလ်တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆုတစ်ယောက် အသင်းကို ပြန်လာဖို့နီးစပ်နေပြီးဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ မီခဲလ် အာတီတာက တိုက်စစ်မှူး း ဂါဘရီရယ် ဂျေးဆုနဲ့ ပတ်သက်ပြီး "သူမဝေးတော့ပါဘူး၊ အချိန်အတိအကျကို မပြောနိုင်ပေမယ့် သူကအသင်းနဲ့သေချာတဲ့အရာတွေကိုလုပ်နေတယ်၊ သူက အရမ်းမနီးပေမယ့် မဝေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မီခဲလ် အာတီတာက“ဂါဘရီရယ်က နေ့တိုင်း ပိုကောင်းလာတယ်၊ ဆရာဝန်တွေလည်း ယုံကြည်မှုရှိတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment