(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ





MNP ၊ မတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန့်နေ့ နံနက်ပိုင်းက  အထကရွှေတောင်  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအပြန် ကျောင်းသား/သူများနှင့် စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူ့အားကစားခန်းမတွင်လည်းနွေရာသီအားကစားသင်တန်းတက်ရောက်နေသောကျောင်းသား/သူများကိုလည်းဖြန့်ဝေပေးခဲ့သည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃.၇.၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ် မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အား (၁၀)ပါး၊ ၂၃.၃.၂ဝ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖိုးလေးလုံး သောင်းကိုကို၏ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ကာတွန်း၊ တပ်မတော်အင်အားရှိမှ  တိုင်းပြည် အင်အားရှိမည် ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ စသည့် ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။


ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)