Pages

Pages

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၁၇၅ ကြိမ်မြောက်အဖြစ် အလှူရှင်များမှ အရုဏ်ဆွမ်းလောင်းလှူ


MNP ၊ မတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၁၇၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆-၈-၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော်အား အရုဏ်ဆွမ်းများနေ့စဉ်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် အကြိမ်ရေ ၅၁၇၅ ကြိမ်အဖြစ် တောင်ရပ်ကွက်နေဆရာ ဦးဝင်းညွှန့်+Drနန်းမြနှင်းအေး မိသားစု   အလှူနှင့်မြို့နယ်အတွင်းရှိ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။


အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့် အပြင်ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ကိုးသောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင် မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်း အသင်းထံမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost





No comments:

Post a Comment