Pages

Pages

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ပြိုင်ပွဲကျင်းပ


MNP ၊ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့နှင့်အ​​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ယာယီမြို့နယ်ပညာရေးမှူးဦး‌မောင်လွင်က  မြို့နယ်အဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြသည်။


အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ရှိ ဝါသနာရှင်ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်၊၊


 https://t.me/MyanmarNationalPost




No comments:

Post a Comment