Pages

Pages

ကျောက်တော်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် သမဝါယမကဏ္ဍအတွက် မတည်ချေးငွေများထောက်ပံ့ပေးအပ်


MNP ၊ မတ် ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် သမဝါယမကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆနဒီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်တော်မြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဦးသိန်းထွန်းအောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လမ်းမတော်ကျေးရွာ ရွှေလမ်းမြေ သမဝါယမအသင်း၏ မွေးမြူရေးလုပ်ငန်း အတွက်ငွေကျပ်သိန်း(၂၂၀) အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီများအနေဖြင့် စီမံကိန်းစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊စီမံကိန်းအောင်မြင်ရေးနှင့် ကျေးရွာအသင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် ရှင်းလင်းမှာကြားခဲ့သည်။


ထို့နောက် သမဝါယမကဏ္ဍတွင် ဆောင်ရွက်မည့် လမ်းမတော်ကျေးရွာ ရွှေလမ်းမြေသမဝါယမ အသင်းအား  မွေးမြူရေးလုပ်ငန်းအတွက်ငွေကျပ်သိန်း(၂၂၀) အား မြို့နယ်စီမံကိန်းကြီး ကြပ်ရေး ကော်မတီဉက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်မှ ကျေးရွာစီမံကိန်း ကော် မတီဉက္ကဋ္ဌ ဦးဟန်တင့်မောင်ထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။


 အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကျေးရွာကြီးကြပ်မှု ကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment