Pages

Pages

ဝါးခယ်မမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်လှူဒါန်း





MNP ၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဝါးခယ်မမြို့၊ မင်းပိုင်ရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက် သံဃာရာမဓမ္မဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို တိုင်းသံဃဝန်‌ဆောင်ဆရာတော်များ၊ မြို့နယ်သံဃနာယကဆရာတော်များ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပြီး ဓမ္မာစရိယ(၁)ပါး၊ ပထမကြီး (၁)ပါး၊ ပထမလတ် (၄) ပါး၊ အခြေပြုမူလတန်း (၁၃) ပါး၊ စုစုပေါင်းစာအောင်သံဃာနှင့် သီလရှင် (၁၉)ပါးတို့အား ဝတ္ထုငွေကျပ် (၃၂)သိန်းနှင့် စာအောင်လက်မှတ်များအား အသီးသီးဆပ်ကပ်ချီးမြှင့်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment