(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် သိမ်အင်း- သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် သိမ်အင်း- သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ


MNP   -   မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်အကောင် အထည်ဖော်ဆောင်ရွက်သော ပြင်ဦးလွင်မြို့နယ် သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးမှ လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခဲ့သော သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသည် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ လမ်းအရှည် (၁/၀.၅)မိုင်ရှိကာ ၁၂ ပေအကျယ် ကတ္တရာလမ်းအမျိုးအစား၊ ၂၀တန် ယာဉ် +ကုန် တစ်စီးချည်းခံနိုင်ဝန်ရှိပြီး ခွင့်ပြုငွေကျပ် ၁၀၉.၈၂ သန်း ကုန်ကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သိမ်အင်း-သဲဖြူချောင်း ကျေးရွာချင်းဆက်လမ်း ကိုအကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ(၅)ရွာ ၊အိမ်ခြေ(၆၃၁)အိမ်၊လူဦးရေ (၂၇၉၅)ဦး အကျိုးပြုကြောင်းသိရသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)