Pages

Pages

ကျောက်ဖြူမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်





MNP ၊ မတ်  ၂၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံ၌ ယနေ့ မွန်းတည့်(၁၂)နာရီက စတင်ပြုလုပ်ကျင်းပလျက်ရှိရာ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ စာဖြေသံဃာတော်များမှ အေးချမ်း စွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


ထိုသို့ ကျင်းပလျက်ရှိရာ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စာမေးပွဲဖြေဆို ကြမည့် စာဖြေသံဃာတော်များနှင့် ကြီးကြပ်ဆရာတော်များကို သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် စာမေးပွဲအား နေ့လည် ၁၂ နာရီတွင် ဆက်လက်ကျင်းပရာ ကျောက်ဖြူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ဆရာတော်ကြီးများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


 ကျောက်ဖြူမြို့တွင် အဆိုပါစာမေးပွဲအား မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာကျမ်းအား စာဖြေသံဃာတော် ၄၅ ပါးတို့မှ အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။ 


  တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment