မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို



MNP ၊ မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်းတိုက် စာဖြေဌာန၌ နှစ်စဉ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပေးသည့် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမကြီးတန်းတွင်(၈)ပါး၊ပထမလတ်တန်းတွင်(၁၂)ပါး၊ ပထမငယ်တန်းတွင်(၂၄)ပါး၊ အခြေပြုမူလတန်းတွင် (၁၃)ပါး စုစုပေါင်း(၅၇)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ပထမကြီးတန်းတွင်(၇)ပါး၊ ပထမလတ်တန်းတွင်(၁၂)ပါး၊ ပထမငယ်တန်းတွင်(၂၀)ပါးနှင့် အခြေပြုမူလတန်းတွင်(၈)ပါး စုစုပေါင်း(၄၇)ပါး ကစ္စည်းသဒ္ဒါကြီးဘာသာကို ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်အပါအဝင် ကြီးကြပ်ကိုယ်တော်(၁၀)ပါးဖြင့် ကြီးကြပ်ပေးလျက်ရှိကြောင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်လာရောက် ဆောင်ရွက်ပေးကြောင်း၊ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာနေမိဘပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။


ဆက်လက်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှစ၍ ဧပြီလ ၃ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)