ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူ ပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူ ပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော်






MNP ၊ မတ်  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ရွှေထီးတော် သစ် တင်လှူ ပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ စေတီ တော် မြတ်ကြီးတွင် ပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်း  နှင့် တာဝန်ရှိသူများ တက် ရောက် ကြသည်။ 


ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွက်ဆို ဘုရား ကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး  သုံးမိုင် ပရဟိတနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဦးစီး ပဓာန နာယက မြို့နယ် ဩဝါဒစာရိယမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူကြသော ပင့်သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် တရားတော်များနားယူပြီး မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ဌက်မြတ်နားတော် ၊ စိန်ဖူးတော် စသည့် တို့ကို  နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်း  ၊  အမှတ်(၃)နယ်ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့ ခွဲ မှူး ရဲမှူးကြီး နေစိုးအေး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း  နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ 


ယင်းနောက် မြို့နယ် သံဃနာယကအဖွဲ့၊ (အဖွဲ့ဝင်) အောင်မြေ ဗောဓိသာသနာ့ရိပ်သာ (အလို တော် ပြည့်)ကျောင်း ပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရ ထံမှ အနု မောဒနာ တရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆို ဆုတောင်း ၍ အခမ်း အနားအား ရုပ်သိမ်း ခဲ့သည်။ ဆက်လက်၍  မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် အသစ်ပြန်လည် တင်လှူမည့် စိန်ဖူးတော်အား နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်း  နှင့် ဇနီးမှ လည်းကောင်း ၊ ရွှေငှက်မြတ် နားတော်အား ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဇနီး ဒေါ်ခင်စန္ဒာဝင်းမှ လည်းကောင်း ၊ ရွှေပန်းခိုင်များအား အမှတ်(၃) နယ်ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့ ခွဲ မှူး ရဲမှူးကြီး နေစိုးအေး နှင့် ဇနီးမှ လည်းကောင်း ၊  ရွှေထီးတော် ဘုံအဆင့် အဆင့်အား သက်ဆိုင်ရာ အလှူရှင်များက လည်းကောင်းကိုင်ဆောင်ကာ လက်ယာရစ် ၃ ပတ် လှည့် လည်ပူဇော်ခြင်း၊ အမွှေးနံ့သာများ ဖြန်းပက်ပူဇော်ခြင်း၊ ဆရာတော်အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပင့်ပိတ်ခြင်း၊ ဗုဒ္ဓ ပူဇနိယ တေး သီချင်းဖြင့် သီကြူးပူဇော်ခြင်း၊ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးအား ရွှေထီးတော် ဘုံအဆင့်များကို အစီ အစဉ် တကျ တင်လှူ ပူဇော် ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး ကာ ကြွရောက် တော်မူ ကြသော သံဃာတော် အရှင် သူမြတ်တို့မှ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးအား အား ဗုဒ္ဓဘိသေသ အနေကဇာ တင်ပူဇော်ပြီး ဆရာတော် အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပြန် လည် ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။ 


အောင်ကျော်စိန် ၊သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)