Pages

Pages

ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို





MNP ၊ မတ် ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။


ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့က စာဖြေသံဃာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း (၉)ပါး၊ ပထမလတ် တန်း(၁၃)ပါး၊ ပထမငယ်တန်း(၄၉)ပါး၊ အခြေပြုမူလတန်း(၁၅၄)ပါး စုစုပေါင်းရဟန်း၊ သာမဏေနှင့် သီလရှင် (၂၂၅)ပါးတို့က ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို  ဆက်လက်ဖြေဆိုလျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment