Pages

Pages

မင်းလှမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဒုတိယနေ့ ဆက်လက်ဖြေဆို


MNP ၊ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့က စတင်ဖြေဆိုလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက မင်းလှမြို့၊ ရုံးရပ်မြောက် ရပ်ကွက် သာသနာ့ဗိမာန်၌ ဒုတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိသည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ”ကစ္စည်းသဒ္ဒါကြီး” ဘာသာရပ်ကိုဖြေဆိုရန် ပထမကြီးတန်း တွင် (၆)ပါး၊ ပထမတန်းလတ်တွင်(၆)ပါး၊ ပထမတန်းငယ်တွင်(၁၈)ပါး၊ အခြေပြု မူလတန်းတွင် (၉)ပါး၊ စုစုပေါင်း(၃၉) ပါး  ကြွ‌ရောက်ဖြေဆိုကြောင်းသိရသည်။


မင်းလှမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အသီးသီးရှိ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်း၊ ဘောဇဉ်အာဟာရများ ဆက်ကပ်လှုဒါန်းလျက်ရှိပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စာဖြေသံဃာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment