MNP ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညါသင်နှစ် အခြေခံပညာ အထက်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ(၂၁)ရက်နေ့ နံနက် (၉) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တမူးခရိုင်ပညာရေးမှူး ဦးဟန်ရွှေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးတုတ်ကြည်က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ အထက်တန်းအဆင့် နည်းပြဆရာ(၉)ဦး၊ အလယ်တန်းအဆင့် နည်းပြဆရာ (၁၂) ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တမူးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြဆရာ/ ဆရာမ(၂၀၀)ဦး၊ အထက်တန်းပြ ဆရာ/ဆရာမ(၇၆)ဦး တက်ရောက်ခဲ့ကြပြီး မတ်လ(၂၁) ရက်နေ့မှ (၂၄)ရက်နေ့ထိ (၄)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment