ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်




MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်း သား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နေ့လည်(၁)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။ 


ထိုသို့ကျင်းပပြုလုပ်ရာတွင်ရှေ့ဦးစွာ ရုပ်/သံကျမ်းကျင်(၃) ဦးအောင်သိန်းဝေ က တတိယတန်းကျောင်းသားကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့်ဗဟုသုတရရှိစေမည့်အကြောင်း အရာများအားဆွေးနွေးပြောကြားခဲ့သည်။ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ရုပ်ပုံနှင့်ဆေးရောင်ခြယ်သမှု အကောင်းဆုံးကျောင်းသား(၃)ဦးအား အမှတ်တရလက် ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)