၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာ(အထက်တန်းနှင့်အလယ်တန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာ(အထက်တန်းနှင့်အလယ်တန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်လှစ်


MNP ၊ မတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်တွင်  သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့်အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ အသုံးချပုံများကိုသိရှိစေရန်၊ ကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရန်၊ အခြေခံပညာအထက်တန်းအဆင့် /အလယ်တန်း အဆင့် ဆရာ/ဆရာမများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ၂၁.၃.၂၀၂၃ ရက်နေ့ နံနက် ၈:၃၀ အချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာ (အထက်တန်းနှင့်အလယ်တန်း)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထူးလွင်က ဆွေးနွေးပွဲ ဖွင့်လှစ်ကျင်းပရသည့် ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများတို့မှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပွဲမှ ရရှိသွားသည့် အသိပညာများ၊ အတွေးအခေါ်များ နည်းပညာများကို မိမိတို့ကျောင်းသို့ ပြန်ရောက်သည့်အခါမှာ လက်တွေ့အသုံးချပြီး ဆရာ့အရည်အသွေးကိုမြှင့်တင်ကာ ပညာစနစ်သစ်ကို အကောင်အထည်ဖော်ပေးစေလိုပါကြောင်း စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်လေ့လာသင်ယူရင်း ဆရာစွမ်းရည် မြင့်သည်ထက်မြင့်မားအောင် ကြိုးစားကြစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက်သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုခင်မှဆွေးနွေးပွဲနှင့်ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်သူဦးရေ(၄၆၈)ဦး၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းတက်ရောက်သူ ဦးရေ(၅၇၀)ဦး၊ စုစုပေါင်း(၁၀၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုဘုန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)