MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်မှ ဆောင်းပါးရှင် စံမြတ်ဘုန်း(စစ်ကိုင်း) ရေးသားသည့် " လူငယ်နှင့် စာနာမှု " အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ (Talk Show)ကို မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးနှင့် ဦးသူရနိုင် အငယ်တန်းစာရေး(အင်အားပြ)တို့က လူငယ်များကို လူသားချင်းစာနာထောက်ထားမှုရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်သည့် Talk Show ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်းပါးတွင် လူငယ်များအနေဖြင့် စိတ်ကိုဖြူစင်အောင်ထားရှိ၍ စိတ်ဖြူစင်မှုနှင့်အတူ သူတစ်ပါးအပေါ် စာနာနားလည်စိတ် ထားရှိရမည်ဖြစ်ကြောင်း၊ မကောင်းမှုဟူသမျှသည် ဆိတ်ကွယ်ရာမရှိ၊ ကြီးသူကို ရိုသေ ငယ်သူကိုလေးစား ရွယ်သူကိုသနား ဟူသောဆုံးမစကားမှာ လူမှုဆက်ဆံရေးနယ်ပယ်တွင် ယဉ်ကျေးမှုရှိလာစေရန် လမ်းညွှန်ထားခြင်းဖြစ်ကြောင်း၊ လူငယ်တစ်ယောက်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် ပါဝင်လိုပါက စေတနာ့ဝန်ထမ်းလုပ်ငန်းများဖြင့် စတင်နိုင်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ အလင်းတန်းများဖြစ်သကဲ့သို့ နိုင်ငံတော်၏တာဝန်ကို လက်ဆင့်ကမ်း သယ်ပိုးသွားရမည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများလည်း ဖြစ်ကြောင်း၊ လူငယ်တို့၏ ဖြတ်ထိုးဉာဏ်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဦးတည်နိုင်မှာဖြစ်ကြောင်း၊ ဒီနေ့အခက်အခဲသည် နောင်ကာလအတွက် ဖြေရှင်းနည်းများသာဖြစ်ကြောင်း၊ နုပျိုသောခွန်အားသစ်များဖြင့် ကမ္ဘာကြီးဘေးကင်းအောင် စောင့်ရှောက်နိုင်ပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် နေရာအစုံကို မျက်စိဖွင့်ကြည့်ထားရမည်ဖြစ်ကြောင်း စသည့် ဆောင်းပါးတွင် ဖော်ပြထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူငယ်ရေးရာ အကြောင်းအရာတို့အား ဆွေးနွေးဖတ်ကြားခဲ့ကြသည်။
ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Maei Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိပါကြောင်းတို့ကို မအီမြို့ရုံးဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost


No comments:
Post a Comment