MNP - မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်စိမ်းလန်းစိုပြည်ရေး သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများအတွင်း စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေသွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေး နှစ်စဉ် ပျိုးပင်များပျိုးထောင်ထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် " ဒေသတွင်းစိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတု ကောင်းမွန်မျှတ စေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်းပင်(၃၀၀၀)၊လျှော်ဖြူပင် (၁၀၀၀)ထောင်၊ တမာပင် (၁၄၀၀၀) ထောင်၊ မယ်ဇလီပင်(၃၀၀၀)၊ မယ်ဇယ်ပင်(၇၅၀၀)၊ ရေတမာပင်(၆၀၀၀)၊ စိန်ပန်းပင်(၄၀၀၀)၊ သစ်ဆိမ့်ပင်(၁၅၀၀)၊ ပင်လယ်ကဗွီပင် (၃၀၀၀)၊ ခရေပင်(၁၀၀၀)၊ အာသောကပင် (၃၀၀၀)နှင့် ငုရွှေဝါပင် (၃၀၀၀)၊ စုစုပေါင်းပျိုး ပင်အမျိုးအစား(၁၂)မျိုး၊ ပျိုးပင်အရေအတွက် (၅)သောင်းပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း"မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment