အင်းစိန်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမ ပြန်စာမေးပွဲဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမ ပြန်စာမေးပွဲဆက်လက်ကျင်းပ




MNP ၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌  ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ မွန်းတည့် (၁၂)နာရီအချိန်က သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ(ဒုတိယနေ့)ဘာသာရပ်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းပေါ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။


ကျင်းပရာတွင် အင်းစိန်ခရိုင် စာဖြေဌာန၌ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်များအတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းရှိ သံဃာတော်အပါး(၂၉၁)၊ သီလရှင်အပါး(၃၄) စုစုပေါင်း အပါး (၃၂၅)ရှိ ပြီး၊ ဖြေဆိုသည့် သံဃာတော်အပါး( ၁၉၆)၊ သီလရှင်အပါး(၁၉) စုစုပေါင်း အပါး(၂၁၅) ဝင်ရောက်ဖြေဆိုသည်။


စာဖြေသံဃာတော်များကို အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မင်းမင်းထွေးနှင့်အဖွဲ့ဝင်များက အချိုရည်ဗူးများနှင့် ရေသန့်ဗူးများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။


စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုခလှိုင်၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းလတ်၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက လိုအပ်သည် များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)