မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။ 


အဆိုပါ အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၄၅)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၄၇)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း(၁၂၁)ဦးဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၇)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၁၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း (၄၅)ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စာစစ်ဌာန(၂)ခုတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၆၆)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ အ.ထ. က(မအီ) စာစစ်ဌာနတွင် ကျား(၁၂)ဦးနှင့် မ(၁၂)ဦးနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ကျား(၄)ဦးနှင့် မ(၈)ဦးရှိပြီး စုစုပေါင်း(၃၆)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်း၊ အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၃.၄၅)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၆.၅၅)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၇၈.၉၅)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၂၁.၀၅)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ဌာနဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ မအီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ မသမာမှုကင်းရှင်းရေးနှင့် လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းအား ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost



No comments:

Post a Comment