ကျောက်ဆည်မြို့ရွှေဒါးကျေးရွာတွင် ပံတံဆိပ်ကြက်ဟင်းခါးမျိုးများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ရွှေဒါးကျေးရွာတွင် ပံတံဆိပ်ကြက်ဟင်းခါးမျိုးများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း



MNP ၊ မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆည်ရေသောက်စနစ်ဖြင့် ဆန်းစပါးကိုအဓိကထား စိုက်ပျိုးကြပြီး  မြစ်ဘေး၊ ချောင်းဘေးရှိ ကျွန်းမြေ၊ သဲနှုန်းမြေများနှင့် ယာမြေများတွင် စီးပွားရေးအဆင်ပြေစေရေး ဒေသအလိုက်စီးပွားကိုက်မည့် ကာလတို၊ ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ရွှေဒါးကျေးရွာတွင် ပံတံဆိပ်ကြက်ဟင်းခါးမျိုးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ကြက်ဟင်ခါးသီးနှံသည် နွယ်ပင်အမျိုးအစားဖြစ်သောကြောင့်  စိုက်ပျိုးမည်ဆိုပါက  သဘာဝမြေဩဇာဖြစ်သည့် နွားချေးဖြင့် စိတ်တိုင်းကျ မြေပြုပြင်ပြီး  (၈)ပေခန့်အကွာ တိုင်များစိုက်ပြီး (၅)ပေအမြင့်ရှိ စင်များပြုလုပ်ကာ တိုင်အခြေတွင် ကျင်းများတူးကာ အစေ့တိုက်ရိုက်ချ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းစေရန်အတွက် စိုက်ပျိုးပြီး (၁၅)ရက်တွင် အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့်ဖြူးပေးကာ မြေအစိုဓာတ်ရရုံ ရေသွင်းပေးရကြောင်း၊ အပင်သက်တန်းရက် (၃၀)ခန့်တွင် အပွင့်များစတင်ပွင့်လာကြပြီး (၄၅)ရက်တွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း သိရသည်။


ပံတံဆိပ်ကြက်ဟင်းခါးမျိုး ထုပ်တစ်ထုပ်စိုက်ပျိုးထားပါက (၄)ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချနိုင်ပြီး မျိုးထုတ်(၄)ထုပ် စိုက်ပျိုး ထားပါက နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း ကြက်ဟင်းခါးသီးနှံသည် သွင်းအားစုနည်းပြီး ငယ်ရွယ်ချိန်တွင် ‌ပေါင်းနှုတ်၊ မြေဆွခြင်း တစ်ကြိမ်ပြုလုပ်ခြင်းဖြင့် အဆင်ပြေသည့် သီးနှံဖြစ်သောကြောင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ကြောင်း၊ အပင်အပြုအစု ကောင်းပါ (၅)လ၊ (၆)လခန့် ခူးဆွတ်ရပြီး ရောင်းဈေးအနေဖြင့်ငွေကျပ် (၇၀၀)မှ(၁၁၀၀)ကျပ်အထိ ဈေးအမျိုးမျိုး ရောင်းချရကြောင်း၊ ဘို့တစ်ထောင် ကြက်ဟင်းခါးမျိုးထုပ်တစ်ထုပ် စိုက်ပျိုးထားပါက စတင်ခူးချိန်တွင် (၁၅)ပိသာ ခန့်ခူးဆွတ်ရောင်းချရပြီး အသီးဖြိုင်ချိန်တွင် ပိသာချိန်(၈၀)မှ (၁၀၀)ပိသာ အထိခန့် ခူးဆွတ်ရောင်းချရကြောင်း ရွှေဒါးကျေးရွာမှ တောင်သူဦးလင်းအောင်က ပြောပြသည်။


သက်မောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)