ကျောက်ဖြူမြို့၌ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်း ဖွင့်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်း ဖွင့်ပွဲပြုလုပ်






MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 


ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးရဲလင်းမောင်က ရခိုင်ပြည်နယ်သည် ရှည်လျားသည့်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ဒေသတစ်ခုဖြစ်ပြီး ကမ်းရိုးတန်းတွင်ရှိသည့် ဒီရေ တောများကို အမှီပြုကာဆောင်ရွက်ရသည့် ပုစွန်မွေးမြူရေးကဏ္ဍသည်လည်း ရခိုင်ပြည်နယ်၏ အဓိကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရေငန်ပုစွန်သားဖောက်သင်တန်းသည် ဒေသနှင့်ကိုက်ညီပြီး အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စာတွေ့၊လက်တွေ့သင်ကြားပြသပေး မည်ဖြစ်သောကြောင့် သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချပြသပေးသည့် သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြစေလိုပါကြောင်းနှင့် သင်တန်းမှရရှိလာသည့် အတွေ့အကြုံနှင့်နည်းစနစ်များ ကို ကျောင်းသား၊ကျောင်းသူများထံသို့ ပြန်လည်လက်ဆင့်ကမ်းမျှဝေပေးစေလိုပါကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်း သူတစ်ဦးဖြစ်သည့် တောင်ကုတ်တက္ကသိုလ်မှ ဆရာမတစ်ဦးက ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာ အား လေ့ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါ ရေငန်ပုစွန်သားဖောက်ခြင်းနည်းပညာသင်တန်းကို ကျောက်ဖြူရေငန်ပုစွန်သားဖောက် စခန်းမှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများက သင်တန်းနည်းပြအဖြစ် သင်ကြားပြသသွားမည်ဖြစ်ပြီး သင်တန်းသား/သူများအဖြစ် တောင်ကုတ်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ/ဆရာမ(၁၄)ဦးတို့မှ တက်ရောက်သင်ယူကြမည်ဖြစ်ကာ သင်တန်းကာလမှာ မတ်လ(၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)