(၇၈) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု “ရွှေမြန်မာအငြိမ့်”အမှတ်စဉ် - ၄ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ဇာတ်တိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု “ရွှေမြန်မာအငြိမ့်”အမှတ်စဉ် - ၄ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ဇာတ်တိုက်


MNP ၊ မတ်  ၈

နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော “ရွှေမြန်မာအငြိမ့်”ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်အတွင်းဝန်၊ မြဝတီရုပ်မြင်သံကြား တပ်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေး အားပေးသည်။


ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက် တင်ဆက်ကပြမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုရိုက်ကူးထုတ်လွှင့်ပြသမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့် “ရွှေမြန်မာ အငြိမ့်”သည်   အမှတ် - ၄  ဖြစ်ကြောင်း၊ ယခုဂုဏ်ပြုအငြိမ့်တွင် မျိုးဆက်သစ်အနုပညာရှင်များ ဖြစ်သော မင်းသမီးများကို ထည့်သွင်း တင်ဆက်ထားကြောင်း၊ မျိုးဆက်သစ်အနုပညာရှင်များကို      စဉ်ဆက်မပြတ် မွေးထုတ်၍ ဖျော်ဖြေတင်ဆက်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်၍ ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လေ့ကျင့်ဇာတ်တိုက်နေသော “ရွှေမြန်မာ” အငြိမ့်အဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေ ၃၀၀၀၀ဝိ/- (ကျပ်သုံးသိန်းတိတိ)ကို ပေးအပ်သည်။ 


သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုတင်ဆက်မည့် “ရွှေမြန်မာအငြိမ့်” အမှတ်စဉ်-၄ တွင် ခေါင်းဆောင်မင်းသမီး စိုးသန္တာဝင်း၊  ရှေ့ထွက်မင်းသမီး သီရိမျိုးစံတို့နှင့်အတူ ဟာသလူရွှင်တော်များဖြစ်ကြသည့်   ဝမ်းတူး၊ အာပြဲ၊ ရောင်နီနှင့် လမုန့်တို့က ပါဝင်တင်ဆက်ကြမည်ဖြစ်ကြောင်းနှင့် တေးသီချင်းများကို တေးရေးချစ်စုအောင်က ရေးစပ်သီကုံးပြီး ဂီတမှူး သက်နိုင်(မန်း)နှင့် ရွာစားနိုင်လင်းဗိုလ်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားခြင်းဖြစ်ကြောင်း သိရသည်။          


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)