MNP ၊ မတ် ၁၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တိုင်းပြည်ကာကွယ်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိသည့် ရှေ့တန်းပြန်တပ် မတော်သားများအား ကြိုဆိုပွဲကို မတ်လ၁၆ ရက် ညနေ ၃ နာရီက ဂွမြို့၊ ခမရ(၅၆၃) တပ်ရင်းမုခ်ဉီးရှေ့၌ ကျင်းပခဲ့သည်။
ကြိုဆိုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရှေ့တန်းပြန်တပ်မတော်သား မိသားစုဝင် များက သောင်းသောင်းဖြဖြ ကြိဆို ခဲ့ကြသည်။
ရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရှေ့တန်းပြန်တပ်မ တော်သားများ၏ မိသားစုဝင်များက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment