မိုင်းခုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ



MNP ၊ မတ်  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်  ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''လူငယ်နဲ့ရည်မှန်းချက်''ခေါင်းစဉ်ဖြင့် လူငယ်ဘဝ ပညာသင်စအရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသော ရည်မှန်းချက်ထားရှိရန်၊ ထိုရည်မှန်းချက်ကိုလည်း ရရှိပိုင်ဆိုင်နိုင်ရေး ကြိုးစားကြရန်၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျော်နောက်ကို မလိုက်ရန်၊ လူငယ်ဘဝ၏ တန်ဖိုးရှိသည့် အချိန်ကို အလဟသမဖြစ်စေပဲ ကြိုးစားကြရန်နှင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိစေသည့် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။


ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့်ဆိုးကျိုး အန္တရာယ်များ၊ သုံးစွဲရခြင်း အကြောင်းအရင်းများ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သများပပျောက်ရေးအသိပညာပေးအကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)