နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်


MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား တစ်ဦးလျှင် အားဖြည့်အချိုရည် (၁)ဘူးနှုန်း၊ အာဟာရမုန့် (၁)ထုတ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၀၉ ဦးတို့အတွက် အားဖြည့်အချိုရည် (၁၀၉)ဘူး၊ အာဟာရမုန့် (၁၀၉) ထုတ်တို့အား ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံက သိရသည်။


လူမော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)