MNP ၊ မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ခေါက်သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကလေးငယ်များ အတွက် လူငယ်ရေးရာ အသိပညာပေးအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဟောပြောပါသည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ခေါက် နည်းသင်တန်းများပြုလုပ်ရာ မိုင်းရယ်မြို့ပေါ်မှ ကလေးငယ်များ (၁၅)ဦးတက်ရောက်ခဲ့ပါသည်။ ပြိုင်ပွဲများ အပြီးတွင် ကလေးငယ်များမှ ပြသထားသည့် လူငယ်ရေးရာအသိပညာပေး စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment