တာချီလိတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်




MNP ၊ မတ်  ၂၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေး ပွဲကို ယနေ့ ၁၀ နာရီက အ.ထ.က (တာချီလိတ်)ကျောင်းခန်းခ၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်က ကျောင်းဆရာ/ ဆရာမများအနေဖြင့် မိမိသင်ကြားပို့ချမည့် ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြင့်မား၍ တတ်ကျွမ်းနားလည်စွာသင်ကြားပို့ချနိုင်ရန် သင်တန်းတွင် မိမိတတ်သိထားသော အသိပညာ၊ အတတ်ပညာများအား နှီးနှောဖလှယ်ဆွေးနွေးကာလာမည့် စာသင်နှစ်အတွက် လိုအပ်ချက်များအား သင်တန်းနည်းပြများဖြင့် မွမ်းမံပြင်ဆင်၍ သင်ကြားပို့ချပေးသွားရန် ရည်ရွယ်၍ ဤသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


အဆိုပါ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို မတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အလယ်တန်းဆင့်တွင် နည်းပြ ၁၆ ဦး၊ လယ်အုပ် ၁၀ ဦး၊ လယ်ပြ၊ ဒုလယ်ပြ၊ လ/ထလယ်ပြ ၂၉၈ ဦး၊ စုစုပေါင်း ၃၂၄ ဦး၊ အထက်တန်းဆင့်တွင် နည်းပြ ၉ ဦး၊ ထ(ခွဲ)၊ ထက်အုပ်ဦးရေ ၁၄ ဦး၊ ထက်ပြဦးရေ ၉၁ ဦး၊ စုစုပေါင်း ၁၁၄ ဦးဖြစ်ပြီး အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်စုစုပေါင်း ၄၃၈ ဦးရှိကြောင်း သိရသည်။


ကျော်ဇေယျာလင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)