ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ


MNP ၊ မတ်  ၂၁

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။


ချီဖွေမြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။


ချီဖွေမြို့နယ်အတွင်း  အငြိမ်းစားဝန်ထမ်း  (၃၇၅) ဦးရှိပြီး ပင်စင်စားများ အဆင်ပြေစေရေး အတွက်  လစဉ် (၂၁) ရက်နေ့ မှစ၍ ထုတ်ပေးလျက်ရှိရာ ယခု အငြိမ်းစားပင်စင်ထုတ်ယူသူ (၁၀၀) ဦး‌ ‌ ကျော်ခန့်ရှိပြီး  နောက်ရက်များတွင်လည်း  ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သတင်းရရှိသည်။


ယော်ကိ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)