တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ




မြန်မာနိုင်ငံမှာ ပညာရေးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ အကြမ်းဖက်အဖွဲ့ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ယနေ့ အချိန်မှာတော့ ရှိနေပါတယ်။ NLD အာဏာရူး အစွန်းရောက်တွေ အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာရာမှာ ပညာရေးကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကြောင့် ကျောင်းသားမိဘတချို့ဟာ မိမိတို့ရဲ့ သားသမီးများကို ကျောင်းမထားတဲ့ အခြေအနေမျိုးတွေလည်း ကြုံခဲ့ကြရပါတယ်။ ကျောင်းဆရာ/ကျောင်းဆရာမ တချို့ကတော့ အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ စကားကို နားယောင်ပြီး စာသင်ခန်းထဲကထွက်သွားကြပါတယ်။ အကြမ်းဖက်လှုံ့ဆော်မှု၊ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ ဖြစ်ခဲ့ကြရပါတယ်။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ စကားကို နားမယောင်ဘဲ မျိုးဆက်သစ်ရင်သွေးငယ်များရဲ့ ပညာရေးကိုသာ ရှေးရှုပြီး CDM မလုပ်၊ စာသင်ခန်းထဲက မထွက်တဲ့ ဆရာ/ဆရာမ အပါအဝင် ပညာရေးဝန်ထမ်းတွေကို ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ကိုင်တုတ် PDF အကြမ်းဖက်သမားတွေက ခြိမ်းခြောက် မှုတွေ လုပ်ဆောင်ခဲ့ကြသလို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ဆရာ/ဆရာမ (ပညာရေးဝန်ထမ်း) ၆၇ ဦးအထိ သေဆုံးခဲ့ရပါတယ်။
ယနေ့မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ စတင်ဖြေဆိုကြပြီဖြစ်ပါတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းတွေကို လုံခြုံရေးယူပေးနေရပါတယ်။ အခြေခံပညာကျောင်းသားများ စာမေးပွဲ ဖြေဆိုတဲ့ ကာလ သထုံမြို့နယ်အတွင်းမှာ PDF အကြမ်းဖက်သမားတွေက စာမေးပွဲ ဖြေဆိုနေမှုကို ရပ်တန့်ရန် လာရောက်ခြိမ်းခြောက်တဲ့အတွက်ကြောင့် ဆရာ/ ဆရာမတွေ တိမ်းရှောင်နေခဲ့ရပါတယ်။ စာမေးပွဲခန်းတွေကို တပ်မတော်အရာရှိများ၊ ရဲအရာရှိများက စောင့်ကြပ်ပြီး ဖြေဆိုခဲ့ကြရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်ကစလို့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးနောက်မကျရအောင် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ချိန်က စလို့ အာဏာလက်မဲ့ ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တဲ့ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံက လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနဲ့အတူ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခြင်း၊ ပညာရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်း အမျိုးမျိုးလုပ်ဆောင်နေသည့်ကြားမှ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ ပညာသင်နှစ် ၂နှစ် ကြိုးစားလွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆရာ/ ဆရာမ၊ ပညာရေးဝန်ထမ်းများအား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုပါတယ်။ တိုင်းပြည်အတွက်၊ မျိုးဆက်သစ်ကျောင်းသား/ကျောင်းသူတွေအတွက် အသက်ကိုပင် ပဓာနမထားဘဲ အကြမ်းဖက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး ကြိုးစားဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် ဦးညွှတ်ဂုဏ်ပြုခြင်း ဖြစ်သလို များစွာ ဝမ်းနည်းကြေကွဲရပါတယ်။
ကျောင်းသားမိဘများ၊ ကျောင်းသားလူငယ်များအားလုံး ယနေ့ ကိုယ်တွေ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်အန္တရာယ်တွေအပေါ် မှန်ကန်စွာ ဆင်ခြင်သုံးသပ်ကြပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ နိုင်ငံရေးသမားအမည်ခံ (နိုင်ငံရေးလုပ်စားသူတွေ)ကို အားပေးထောက်ခံမိခြင်းကြောင့် မိမိတို့ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝမှာ ဘယ်လောက်အထိအောင် အခက်အခဲအကြပ်အတည်းတွေ ကြုံတွေ့ခံစားခဲ့ရပြီ။ ထိုမျှမက မျိုးဆက်သစ် လူငယ်(ကလေးငယ်)တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ကိုပင် လက်မရွံ့တဲ့ နိုင်ငံရေးသမားတွေရဲ့ အောက်တန်းကျ ယုတ်မာရိုင်းစိုင်းမှုတွေကို သိမြင်နားလည်ပြီး နောက်နောင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် သန္ဓေယုတ်တဲ့ နိုင်ငံရေးလုပ်စားသူတွေအပေါ်မှာ ယုံကြည်ကိုးစားမိတာမျိုး မဖြစ်ကြပါစေနဲ့တော့။
စာမေးပွဲကာလအတွင်းမှာ တက္ကသိုလ်ဝင်ကျောင်းသား/ကျောင်းသူများ စာကျက်မှု၊ စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက်ဖြစ်စေမယ့် ကိစ္စတွေ မလုပ်ကြဖို့လည်း ဒေသန္တရအမိန့်များ ထုတ်ပြန်ပြီး ကြိုတင်ကာကွယ်တားဆီးပေးထားပါတယ်။ ယနေ့ စတင်ဖြေဆိုသော တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများကို အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ က လုံခြုံရေးအစောင့်အရှောက်ဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးနေကြတာကို မုဒိတာဖြစ်ဖွယ် မြင်တွေ့ရပါတယ်။ ကျောင်းသား/ ကျောင်းသူများအနေနဲ့လည်း စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ။ အနာဂတ်နိုင်ငံတော်ရဲ့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်စုံမှာ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုးပြုနိုင်မယ့် မျိုးဆက်သစ် သားကောင်းရတနာများအဖြစ် အောင်မြင်မှုများစွာ ရရှိနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း။
နောင်တော်လေး (ဘိုကလေး)



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)