ရခိုင်​​ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်​​ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့၌၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၈

  မြန်မာနိုင်ငံတစ်ဝှမ်းတွင်၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှစတင်ကာ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊သံတွဲခရိုင် ငပလီ မြို့၌ စာစစ်ဌာန(၁)ခု ဖွင့်လှစ်ပြီး၊ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


 ငပလီမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ စာစစ်ဌာန(၁)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ငပလီမြို့နယ် အထက-ငပလီစာစစ်ဌာနတွင်ကျောင်းသား၊ကျောင်းသူစာရင်းရှိ( ၃၁၉)ဦး၊ ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား(၁၄၈)ဦကျောင်းသူ(၁၅၇)ဦး၊ကျောင်းသားပျက်ကွက်(၆)ဦး၊ကျောင်းသူပျက်ကွက်(၈)ဦး၊စုစုပေါင်း( ၃၀၅)ဦးဝင်​​ရေဲာက် ဖြေဆိုပြီးအဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်​စေရေး၊မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးအဖွဲ့​၊မြို့အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ က စာစဌာန၌လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရရှိသည်။ .


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)