မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် လူငယ်လူရွယ်များ၏ စိတ်ဓာတ်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် လူငယ်လူရွယ်များ၏ စိတ်ဓာတ်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်




MNP ၊ မတ်  ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအားလုံးစာမေးပွဲကို ထူးချွန်စွာဖြေဆိုအောင်မြင်နိုင်ရေး၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်ကြစေရေး အားပေးအားမြှောက်ပြုသည့်အနေဖြင့် ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းများကစုပေါင်း၍ လူငယ်စိတ်ဓာတ်မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါကွင်းဆင်းမှုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များစုဝေးရာ FREC စာကျက်ဝိုင်းသို့သွားရောက်၍ လူငယ်စိတ်ဓာတ်မြှင့်တင်ရေးဟောပြောခြင်း၊ တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ အာဟာရဖြစ်စေသည့် အစားအစာများအား  တိုက်ကျွေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


မိုင်းကိုင်မြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ  ၁၅ ဦးရှိပြီး  ယမန်နေ့တွင်ဖြေဆိုခဲ့သော မြန်မာစာဘာသာရပ်ကို  ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ကြောင်း  ကျောင်းသား၊ ကျောင်းသူများ၏  ပြောပြချက်အရသိရသည်။


ချော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)