နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား








MNP ၊ မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့သို့ သွား ရောက်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ကျောက်တလုံးကြီးမြို့သို့ရောက်ရှိကြရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးခွန်မြင့်အောင်၊ ဦးခွန်အောင်ခမ်း၊ ဦးခွန်နေဝင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဒေသခံပအိုဝ်းတိုင်းရင်းသားပြည်သူ များက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီ နေအိမ်သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဦးအောင်ခမ်းထီ ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအများနှင့် ဒေသအကျိုးကိုဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေး မြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပမာဏ များများဖြင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင် သည့် ကုန်ထုတ်လုပ်မှုမျိုးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ လည်း ဝက်၊ နွား၊ ကြက် စသည့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပအိုဝ်းဒေသမှ ထွက်ရှိသည့် ထောပတ်သီးသည် အရည် အသွေး ကောင်းမွန်သည့်အတွက် စိုက်ပျိုးမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ အလားတူ ဒေသတွင်း ကောင်းမွန်စွာထွက်ရှိသည့် ကြက်သွန်၊ အားလူး၊ လက်ဖက် ကဲ့သို့သော စိုက်ပျိုးရေး ထုတ်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေးစဉ်းစား ဆောင်ရွက် ကြစေလိုကြောင်း၊ ဒေသရှိ မြေပေါ်မြေအောက် သယံဇာတများကို လွယ်လွယ်ကူကူ ထုတ်ယူ သုံးစွဲခြင်းများကို ရှောင်ရှားပြီး ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ဆောင်စေလိုကြောင်း၊ ဒေသတွင်းရှိ သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းရန်လိုအပ်ပြီး ရွှေ့ပြောင်းတောင်ယာ များ စိုက်ပျိုးခြင်းထက် ကုန်းမြင့်လယ်ယာစနစ်ကို ပိုမိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပအိုဝ်းဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ထိထိ ရောက်ရောက် ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီ အား စားသောက်ဖွယ်ရာများနှင့် လက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ ဒေသထွက်လက်ဆောင်ပစ္စည်းများနှင့် ဓမ္မလက်ဆောင်များ ပြန် လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် ကျောက်တလုံးကြီးမြို့၊ ဗိုလ်ပန္တကုန်းတော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မဟာ ဝံသဗုဒ္ဓဂယာ စေတီတော် သို့သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်းရေချမ်း ဆီမီး ကပ်လှူပူဇော် သည်။

ယင်းနောက် စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ညွန့်မောင် နှင့် အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဓမ္မလက်ဆောင်များ ပေး အပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စေတီတော်ကြီး အတွက် ဘက်စုံအလှူငွေများ ပြန်လည်ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် စေတီတော်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ စေတီ တော်ကြီးအား လက်ယာရစ်လှည့်လည်ကြည်ညိုခဲ့ကြောင်းနှင့် စေတီတော် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)