Pages

Pages

တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်း


MNP ၊ မတ်  ၂၀

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့်  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည် ။


တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်းခြင်းအနေဖြင့် စာပေချစ်သူများအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိရေး ၊ စာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဗဟုသုတ အသိအလိမ္မာများ တိုးပွားရရှိစေရန် ရည်ရွယ်ပြီး တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့်  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည် ။


အဆိုပါ စာအုပ်များလှူဒါန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြညဘ်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ကြပြီး စာပေချစ်သူများအတွက်  တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့ စာအုပ်(၃၀)အုပ်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ စာအုပ်(၂၀)အုပ် စုစုပေါင်း(၅၀)အုပ်တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိ ဦးဘိုမောင်နှင့် ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်တိုက အသီးသီးလက်ခံရယူကြကြောင်း သိရသည် ။


ဦးရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment