Pages

Pages

ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် သတိပြုဆင်ခြင်ဖွယ် စီးကရက်အန္တရာယ် အသိပညာပေး Talk Show ပြုလုပ်


MNP ၊ မတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်လူရွယ်များ စီးကရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ သတိပြုဆင်ခြင်ဖွယ် စီးကရက် အန္တရာယ် အသိပညာပေး Talk Show ကို မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမော်က စီးကရက်သောက်ခြင်းကြောင့် လူငယ်များအနေဖြင့် ယောင်္ကျားဘဝ ဆုံးရှုံး တတ်ကြောင်း၊ မိခင်လောင်းများ အနေဖြင့် စီးကရက်သောက်ခြင်းကြောင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်းနှင့် ကျပ်မပြည့်သည့် ကလေးများ မွေးဖွားနိုင်ကြောင်းကို ချပြဆွေးနွေးခဲ့သည်။


ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က စီးကရက်သောက်ခြင်းကြောင့် အပျိုဖော် လူပျိုဖော်ဝင် လူငယ်များ စိတ်ကျရောဂါ ဖြစ်ပွားခြင်း၊ အသက်အရွယ်ကြီးရင့်လာပါက နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါ စတဲ့ ဆိုးကျိုးများကို ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အေးအေးမော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment