MNP - မတ် ၄
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့မှ စတင်၍ အ.ထ.က ကျိန္တလီ ကျောင်းအုပ်ကြီးရုံးခန်း၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အ.ထ.က ဘိုကလေး၊ အ.ထ.က(ခွဲ) စေတီကွင်း၊ အ.ထ.က ကုလားပြင်၊ အ.ထ.က ရေကျော် စသည့်အခြေခံပညာကျောင်းများမှ ကျောင်းတွင်းဖြေဆိုသူများနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၉)ဦးတို့က ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် အတွက် ဖြေဆိုခွင့်ကတ်ပြားများကို မတ်လ ၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment