ကျိုက်လတ်၌ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်၌ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပ



MNP ၊ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျိုက်လတ်-မအူပင် ကားလမ်းမကြီး ဘေးတွင် တည်ရှိသော ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဓမ္မဝိဟာရဘိုးဘွားရိပ်သာ ဦးဆောင်နာယက ဆရာတော် ဘဒ္ဒန္တဓမ္မသုခ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင် ဦးဇော်နိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင် ဗိုလ်မှူးရဲမင်းနှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဘိုးဘွားရိပ်သာအတွင်း လှည့်လည်ကြည့်ရှု၍ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် ဘိုးဘွားရိပ်သာ၏ စည်းကမ်းချက်များနှင့် ညီညွတ်သည့် အသက်(၇၀)နှစ်အထက် ဘိုးဘွားများ လာရောက်နေထိုင်နိုင်ကြောင်းသိရသည်။


ကျိုက်လတ်မြို့နယ်တွင် ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာဖွင့်ပွဲနှင့်အတူဓမ္မဝိဟာရ ဘိုးဘွားရိပ်သာ ဦးဆောင် နာယကဆရာတော် ဘဒ္ဒန္တဓမ္မသုခ၏ သက်တော်(၅၅)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်နှင့် အလှူဒါယကာ ဦးကျော်မိုးထွန်း + အလှူဒါယိကာမ ဒေါ်သီသီဆွေ (သား) မောင်အောင်စိုးမြတ်တို့၏ သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာပွဲကိုပါ ကျင်းပလျက်ရှိသဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)