Pages

Pages

ရွှေတောင် မြို့နယ် တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ နောက်ဆုံးနေ့အဖြစ်အေးချမ်းစွာဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ကို  ဇီဝဗေဒ သဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို နောက်ဆုံးနေ့အဖြစ် ဖြေဆိုရာ ရွှေတောင်မြို့နယ်အတွင်းရှိ စာ​ဖြေဌာန( ၄ )ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့‌ကြောင်း သိရသည်။


ရွှေတောင်မြို့နယ် တွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ ၂၆၃ ဦးရှိသည့် အနက် ၂၄၁ ဦး ဖြေဆိုသည့်အတွက် ၉၁ ဒသမ ၆၃ရာခိုင်နှုန်းနှင့် ဘောဂဗေဘာသာရပ်ကိုဖြေဆိုရမည့်သူ ၄၃ ဦးရှိသည့်အနက် ၄၃ဦးဖြေဆိုသည့်အတွက် ရာခိုင်နှုန်းပြည့် ဖြေဆိုကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 


အဆိုပါ စာစစ်ဌာန များသို့ခရိုင်စီမံအုပ်ရေးအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များကကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment