Pages

Pages

ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ မတ်  ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မတ် (၁၅)ရက် နံနက် (၉)နာရီ အချိန်ကမီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူးဦးရဲညွန့်ထွေး ကမီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်များ၊မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊မီးလောင်မှုဖြစ်စဉ်ရဲ့ Level အဆင့်သတ်မှတ်ဆောင်ရွက်ပုံ၊ကျိုက်ထို မြို့နယ်အတွင်းမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြိမ်နှင့်လောင်ကျွမ်းသည့်အကြောင်းရင်း၊ပြည်သူများအနေဖြင့်မီးဘေးမှကင်းဝေးအောင်ပူးပေါင်းပါဝင်ရမည့်အချက်များစသည်တို့ကို အကျယ် တဝင့်  ရှင်းလင်းဆွေးနွေးခဲ့‌ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show  ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment