တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်






MNP ၊ မတ်  ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ် များ၏ ဆန်းသစ်တီထွင်ဖန်တီးမှု စွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှ ပန်းချီ ၊ လူပုံနှင့် တိရစ္ဆာန်ပုံ ရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှု ရသများ နှင့် ပတ်သက်၍ သင်တန်းသား/သူ (၃၀)ဦးခန့်အား ၂၀၂၃-ခုနှစ် မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၆)ရက်နေ့အထိ တစ်ပတ်ကြာ အသေးစိတ် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)