သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ




MNP   -    ဖေဖော်ဝါရီ   ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဉီးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ပြုလုပ်သည်။ 


ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား ဦးစီးဌာနများစုပေါင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဦးစီးဌာန၏ တာဝန်များသာမက ကျန်ဦးစီးဌာန(၃)ခု၏ တာဝန်များကိုလည်း မိမိတို့၏တာဝန်ကဲ့သို့ သဘောထားပြီးဆောင်ရွက်မှသာ ကျေးလက်နေပြည်သူ လူထု၏ လူမှုစီးပွားဘဝလျင်မြန်စွာတိုးတက်လာမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားသည်။ ထို့နောက် သမဝါယမဉီးစီးဌာန မြို့နယ်ဦးစီးမှူးက ဌာနလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက Smart Village အတွက် ကျေးရွာများတွင် ကော်မတီများနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းများအား (၉၆%) ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ လုပ်ငန်းများမှာ (၉၅%) ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ဌာနများတွင် ဆောင်ရွက်လျက်ရှိသော ဘတ်ဂျက်လုပ်ငန်းများအား ဘဏ္ဍာနှစ် အတွင်း ပြီးပြတ်နိုင်အောင် ဆောင်ရွက်ကြရန်၊ သီးထပ်စိုက်ပျိုးနိုင်သည့်နေရာများတွင် ယာယီချောင်းပိတ်၊ မြောင်းပိတ်၊ ဆိုလာပန့်များဖြင့်ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ သမဝါယမ အသေးစား၊ အလတ်စား ရံပုံငွေစာရင်းဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ ကျေးရွာများကွင်းဆင်းရာတွင် အမှန်တကယ်လုပ်ချင်ကိုင်ချင်သည့် ကျေးရွာ၌တောင်သူ များနှင့်တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့တွင် သမဝါယမအသင်းဖွဲ့ပြီး ဆောင်ရွက်သွားရန်၊ ဝန်ထမ်း များအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် ရုံးလုပ်ငန်းလိုအပ် ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)