ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ(ဆောင်း) သီးနှံ စံပြကွက်(၅)ဧက စိုက်ပျိုးထားရှိမှုအား တွေ့ဆုံမေးမြန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ(ဆောင်း) သီးနှံ စံပြကွက်(၅)ဧက စိုက်ပျိုးထားရှိမှုအား တွေ့ဆုံမေးမြန်း


MNP   -   မတ်   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ (ဆောင်း)သီးနှံ စိုက်ပျိုးထားမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်ထွေးအား တွေ့ဆုံမေးမြန်းခဲ့သည်။


အဆိုပါ တွေ့ဆုံမေးမြန်းရာတွင် မြို့နယ်တာဝန်ခံက ​နေကြာ(ဆောင်း)သီးနှံ ၅ ဧကစိုက်ပျိုး ထားရှိပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားရာ၌ ရေဆင်း(၁)စပ်မျိုးကို စိုက်ပျိုးထားခြင်းဖြစ်ပြီး နေပြည်တော်တပ်ကုန်း နေကြာမျိုးစေ့ထုတ်ဌာန မှ ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ပြီး နေကြာခင်းကို (၄.၁၂.၂၀၂၂)ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့သည်။


ဆီထုတ်နေကြာမျိုးဖြစ်ပြီး ရက်ပေါင်း(၇၄)ရက်ရှိပြီဖြစ်ကြောင်း၊ သက်တမ်းကတော့ ၈၀ မှ ၈၅ရက်သားရှိပါသည်။ ၇၅ ရက်သားခန့်တွင် အချို့ရင့်မှည့်သည့် အပင်များသည် အစေ့ အဆန်အောင်ပြီး ရင့်မှည့်စပြုလာပြီး အပင် ၅၀ ရာခိုင်နှုန်းသည် မျိုးအောင်ပြီး အပင်စငိုက်စပြု နေပါကြောင်း၊ ဆီထွက်နေကြာသည် ၁ ဧကကို ၂၅ တင်းနှုန်း ထွက်မယ်လို့ ခန့်မှန်းထားရှိပါ ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ နေကြာဆီ စိုက်ပျိုးမှုနှင့် နေကြာဆီ စားသုံးမှုသည် ဒေသအတွင်း တွင်တွင်ကျယ်ကျယ်


မရှိသေးပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာပင်စိုက်ပျိုးသည့် နည်းစနစ်၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေး ကို တောင်သူများ ကျွမ်းဝင်ရင်းနှီးပြီး တောင်သူတွေစိတ်ပါ ဝင်စားစွာ စိုက်ပျိုးလာစေရန်အတွက် နေကြာစံပြကွက်ကို စိုက်ပျိုးပြသခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိတ်ပါဝင်စားအောင် နေကြာရိတ်သိမ်းသည့် အချိန်တွင် ရိတ်သိမ်းပွဲအဖြစ် နီးစပ်ရာတောင်သူများ ဖိတ်ကြားပြီး ရိတ်သိမ်းပွဲ ကျင်းပသွားမည်ကြောင်း သိရသည်။


အေးမဥ္ဇူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)