ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ


MNP ၊ မတ်  ၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ချင်းပြည်နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ချင်းပြည်နယ် ကလေးသူငယ်ဆိုင်ရာကော်မတီ၏ ဒုတိယ အကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များ အနေဖြင့် ချင်းပြည်နယ်အတွင်း ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုနှင့် ချိုးဖောက်ခံရမှုအခြေအနေနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေ အနေများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြစေ လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။   


ထို့နောက် ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ် လူမှုူဝန်ထမ်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်ပါ အရေးကြီး ပြဋ္ဌာန်းချက်များဖြစ်သည့်အသက် (၁၈)နှစ် မပြည့်သူများကို ကလေးအဖြစ်သတ်မှတ်ခြင်း၊ ကလေး သူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ချင်းပြည်နယ်အတွင်း ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုနှင့် ချိုးဖောက်ခံရမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။   


ယင်းနောက် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ မြင့်မိုရ်စိုး၊ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းဌေးနှင့် တက်ရောက်လာ ကြသည့် ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ တင်ပြချက်များပေါ် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)