MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော် အတွင်း၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆိုပါ စေတီတော် လှိုဏ်ဂူတော်ကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆိုဘုရားကန်တော့၍ သုံးမိုင် ပရဟိတနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ် ဩဝါဒစာရိယမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ကာ ပဲရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာ တိက္ခိနြိယ ဆရာတော်က ပဌာန်း အနုမောဒနာ ဂါထာရွတ်ဖတ်ပူဇော်ခဲ့ပြီး တာ၀န်ရှိသူများက ပင့်သံဃာတော်ကြီးများအား လှူဖွယ် ၀တ္တူ ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် ဦးစီးပဓာနနာယက မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ မဏီသာရဆရာတော်ကြီးထံမှ တက်ရောက်လာသူများကအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗဟိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ သောမ က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပင့်သံဃာတော် အရှင်သူမြတ်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၀င် (၁)ဒုတိယဗိုလ်မှူးကြီး ကျော်သူ၀င်း နှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့၀င်များ ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ဂေါပက အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ ၀တ်ရွတ်အဖွဲ့များ၊ ဧည့်ပရိတိသတ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်ည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment